Software ကို တီထွင်သည့်Autodesk ကုမ္မဏီက AutoCAD 2010 ကို သင်တန်းကျောင်း လက်စွဲအနေဖြင့်
အသုံးပြုရန်အတွက်သာ Exam Guide vol- 1 နှင့် vol-2 ဟု စာအုပ်နှစ်အုပ် ထုတ်ဝေခဲ့သဖြင့်လည်း ရှားပါးလှသည့်
စာအုပ်လေး ဖြစ်ပါသည်။ မူလ စာအုပ်အတိုင်း eBook ၌ အပိုင်း ၂ ပိုင်း ပါဝင်လာမည် ဖြစ်သလို ပူးတွဲပါလာသည့်Workfiles
များနှင့် ပေါင်းစပ် လေ့လာပါမှ ပိုမိုပြည့်စုံသည့် အဆင့်သို့ ရောက်ရှိလာမည် ဖြစ်ပြီး Autodesk မှ ကြီးမှူး စစ်ဆေးသည့်
စာမေးပွဲသာမက ICDL CAD စာမေးပွဲ များကိုပါ ၀င်ရောက်ဖြေဆို အောင်မြင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။
အသက်မွေးဝမ်းကြောင်း အတတ်ပညာ တစ်ခုအဖြစ်AutoCAD နှင့် ဆက်စပ်သော နယ်ပယ်တွင် တက်စုံရွက်စုံဖြင့် မိမိတို့၏
အနာဂတ်ကို မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီး တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေဟု ဆန္ဒပြု ဆုမွန်ကောင်း
တောင်းလိုက်ရပါသည်။
ဤစာမူလေးအတွက် ရရှိခဲ့သော စာမူခ များကို အနာကြီးရောဂါ ပြုစုစောင့်ရှောက်ရေးဖေါင်ဒေးရှင်း Leprosyhelp.org သို့
လှူဒါန်းခဲ့သည့် မကြာမီ ဒေါက်တာဘွဲ့ပါ ရရှိလာတော့မည့် စာရေးဆရာ ကိုအောင်ဇော်လတ်၏ စေတနာ
မေတ္တာများအတွက်လည်း ကြည်နူးမှု အပြည့်ဖြင့် သာဓုသုံးကြိမ် ခေါ်ဆိုအပ်ပါသည်။
No comments:
Post a Comment